Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  August 08, 2023

Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောပါတယ်။ - ရခိုင်ပြည်နယ်၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာပေါင်း ၇၀ ကျော် ရေနစ်မြုပ်နေပြီး သေဆုံးမှုနှင့် ပျောက်ဆုံးမှုများရှိနေတယ်လို့ သိရပါတယ်။ - ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး (၃၅) နှစ်ပြည့် စစ်အာဏာရှင်တော်လှန်ရေးလူထုလှုပ်ရှားမှုတွေ မပြုလုပ် စေရန်အတွက် စစ်ကောင်စီက ရန်ကုန်မှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားတယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီ သတင်းရင်းမြစ်ဆီက သိရပါတယ်။ - စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် နေတာ ကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi